Alintagar အလင်းတံခါး
အင်္ဂလိပ်စကားပြောသင်တန်းကျောင်း

Alintagar အလင်းတံခါး အင်္ဂလိပ်စကားပြောသင်တန်းကျောင်း

Alintagar အလင်းတံခါး အင်္ဂလိပ်စကားပြောသင်တန်း (AELTS) ဟာ အင်္ဂလိပ်ဘာသာစကား သင်ယူသူအားလုံးအတွက် (Dawei) ထား၀ယ်မြို့ တွင်အကောင်းဆုံး အင်္ဂလိပ်စကားပြောသင်တန်းကျောင်း ဖြစ်ပါတယ်။ ၄င်းအပြင် အလင်းတံခါးသင်တန်းကျောင်းဟာ ကလေးသူငယ်အရွယ်မှစ၍ လူလပ်ပိုင်း လူကြီးပိုင်းအထိ အသက်ရွယ်မရွေး တက်ရောက်နိုင်သော သင်တန်းကျောင်း ဖြစ်ပါတယ်။ ကျွန်တော်တို့သင်တန်းကျောင်းဟာ အင်္ဂလိပ်ဘာသာစကား ကို အခြေခံအဆင့်မှစ၍ အဆင့်မြင့်အထိ အရည်ချင်းပြည့်မီစွာ လေ့လာလိုသူတို့အတွက် အဓိကရွေးချယ်စရာတစ်ခုပဲဖြစ်ပါတယ်။ နောက်ပြီးတော့ Alintagar အလင်းတံခါး သင်တန်းကျောင်းမှာ ကျောင်းသားကျောင်းသူများအတွက် အင်္ဂလိပ်ဘာသာစကား ကို ကျွမ်းကျင်စွာတတ်မြောက်ပြီး လိုရာပန်းတိုင်ရောက်နိုင်ဖို့ အကောင်းဆုံးခြေလှမ်းများကိုလည်း ပံ့ပိုးပေးထားပါတယ်။

ထာ၀ယ်မြို့တွင် Alintagar အင်္ဂလိပ်စကားပြောသင်တန်း (AELTS) ဟာ ကျောင်းသားကျောင်းသူများအတွက် အင်္ဂလိပ်စာလေ့လာသင်ယူဖို့ နေရာကောင်းတစ်ခုဖြစ်ပါတယ်။ ကျောင်းသားကျောင်းသူများ အင်္ဂလိပ်စာလေ့လာရာတွင်ထူးချွန်ထက်မြတ်စေဖို့၊ ဝေါဟာရစကားလုံးတွေကြွယ်ဝစေဖို့၊ နေ့စဥ်ဘဝတွင်လက်တွေ့အသုံးချနိုင်စေဖို့အတွက်ရည်ရွယ်ပြီးတော့ အခမဲ့အွန်လိုင်းစာကြည့်တိုက် Free Online Digital Library တစ်ခုလည်းထားရှိပေးပါတယ်။ သင်ကြားပေးသည့် ဆရာကိုယ်တိုင်ကလည်း နိုင်ငံရပ်ခြားအတွေ့အကြုံကောင်းတွေရှိပြီး ကျွမ်းကျင်ထိရောက်တဲ့နည်းလမ်းများဖြင့် သင်ကြားပေးတာဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့  English Language သင်ကြားနည်းစနစ်တွေထဲမှာ 4-skill English သင်ကြားနည်းတွေအပြင် 21 ရာစုသင်ကြားနည်းစနစ်များ ကိုပါထည့်သွင်းပေါင်းစပ်ထားတာဖြစ်သည့်အတွက် ကျောင်းသူ၊ ကျောင်းသားများအတွက်ပိုမိုထိရောက်ပြီး အကျိုးရှိစေမှာဖြစ်ပါတယ်။

အလင်းတံခါး English Speaking သင်တန်းကျောင်း ကို လူတွေဘာကြောင့် စိတ်ဝင်စားကြသလဲ။

အလင်းတံခါး သင်တန်းကျောင်းဟာ ထားဝယ်မြို့ ဒေသခံတွေရဲ့ ယုံကြည်ကိုးစားမှုနှင့် အားပေးထောက်ခံမှုကို အများဆုံးရရှိထားသော အင်္ဂလိပ်စကားပြောသင်တန်းကျောင်းဖြစ်ပါတယ်။ အလင်းတံခါးရဲ့ အဓိက အားသာချက်ကတော့ သင်ကြားနည်းစနစ်တွေဟာ ခေတ်မှီပြီး လက်တွေ့ဆန်ရုံသာမက အင်္ဂလိပ်ဘာသာစကားကို ကမ္ဘာကြီးနှင့် ရင်ဘောင်တန်းပြီး ကျွမ်းကျင်စွာ ပြောနိုင်အောင် စနစ်တကျလေ့ကျင့် သင်ကြားပေးခြင်းဘဲ ဖြစ်ပါတယ်။ 

 အလင်းတံခါးသင်တန်းဆရာ ဆရာဗစ်တာ ၏ပြောပြချက်တစ်ခုကတော့ ….

“… ကျွန်တော်တို့ရဲ့ သင်ကြားနည်းစနစ်တွေထဲမှာ 4-skill English (အရေး၊ အဖတ်၊ အပြော၊ နားထောင်မှု) သင်ကြားနည်းစနစ်အပြင် ၂၁ရာစုသင်ကြားနည်း စနစ်တွေကိုပါ ထည့်သွင်း ပေါင်းစပ်ထားပါတယ်။ သင်ရိုးညွှန်းတမ်းကိုလည်း ကမ္ဘာ့နာမည်ကြီး Cambridge Publishing, Oxford Publishing, Pearson Longman Publishing တို့မှထုတ်ဝေသော ကျောင်းသားဗဟိုပြု သင်ရိုးညွှန်းတမ်းများ  student-centered instruction နှင့် Communicative Language Teaching methods ကိုသာ အဓိကအသုံးပြုထားပါတယ်။ …”  by Saya Victor

အလင်းတံခါးကိုလူကြိုက်များရတဲ့ အချက်တွေကတော့ …

၁။ ကျောင်းသားဗဟိုပြုနည်းစနစ်များဖြင့် သင်ကြားပေးခြင်း

၂။ ကျောင်းသားအချင်းချင်းသင်ယူစေသောနည်းစနစ်များဖြင့် သင်ကြားပေးခြင်း

၃။ အတွဲလိုက်၊ အုပ်စုလိုက်ဆွေးနွေး အဖြေရှာ ပူးပေါင်းလုပ်ဆောင်စေခြင်း

၄။ ကျောင်းသားများအား လက်တွေ့သရုပ်ပြလုပ်ဆောင်စေခြင်း

၅။ အင်္ဂလိပ်စကားပြောလေယူလေသိမ်းကို ထိထိရောက်သင်ကြားလေ့ကျင့်ပေးခြင်း

၆။ အင်္ဂလိပ်သဒ္ဒါကို အဆင့်လိုက်ကျွမ်းကျင် ပိုင်နိုင်ပြီး လက်တွေ့အသုံးချနိုင်သည်အထိ သင်ကြားပေးခြင်း

၇။ ဝါကျတည်ဆောက်ပုံနှင့် ဝေါဟာရစကားလုံးကြွယ်ဝအောင် သင်ကြားပေးခြင်း

၈။ နေ့စဥ်သုံး အင်္ဂလိပ်စကားပြောကို လက်တွေ့အသုံးချနိုင်အောင် သင်ကြားပေးခြင်း

၉။ အင်္ဂလိပ်စကားကို လုပ်ငန်းခွင်အတွင်း အသုံးချနိုင်အောင် သင်ကြားပေးခြင်း

၁၀။ အင်္ဂလိပ်စကားကို မိမိကိုယ်ကို ယုံကြည်မှုရှိရှိဖြင့် မှန်မှန်ကန်ကန်နှင့် သွက်သွက်လက်လက်ပြောဆိုနိုင်သည်အထိ လေ့ကျင့်သင်ကြားပေးခြင်း

၁၁။ ဥာဏ်စမ်းပဟေဠိနှင့် ပျော်ရွှင်စရာ ကစားနည်းများဖြင့် သင်ကြားပေးခြင်း

၁၂။ သင်ခန်းစာထဲတွင် ဗီဒီယိုသင်ခန်းစာများအပြင် သီချင်းသင်ခန်းစာများ ပါဝင်ခြင်း

၁၃။ အခါအားလျော်စွာ သင်ခန်းစာနှင့် ပတ်သက်သော ဗီဒီယိုများ မှတ်တမ်းတင် ရိုက်ကူးပေးခြင်း

၁၄။ သင်ခန်းစာတစ်ခုပြီးတိုင်း တတ်မြောက်မှုစစ်ဆေးပေးခြင်း

၁၅။ အင်္ဂလိပ်စကားပြောစွမ်းရည်နှင့် ပတ်သက်ပြီး တစ်ဦးခြင်းတတ်မြောက်မှု စစ်ဆေးပေးခြင်း

၁၆။ အွန်လိုင်းလေ့လာမှုနှင့် ပတ်သက်သော ဗဟုသုတများကို ဝေမျှပေးခြင်း

၁၇။ အသက်(၆)နှစ်မှစ၍ ကလေး၊ လူကြီးများအတွက် အတန်းခွဲအမျိုးမျိုးစီစဥ်ပေးထားခြင်း

၁၈။ ကျောင်းသားများအနေဖြင့် မိမိတို့နှင့် ကိုက်ညီသော အတန်းကိုရွေးချယ်၍ တက်ရောက်နိုင်ခြင်း

၁၉။ Birthday party နှင့် Christmas, Halloween စသော အခမ်းအနားများ ကျင်းပပေးခြင်း

၂၀။ အခါအားလျော်စွာလေ့လာရေး ခရီးများထွက်ခြင်း

၂၁။ သင်တန်းပြီးဆုံးကြောင်း လက်မှတ်ပေးခြင်း တို့ဘဲဖြစ်ပါတယ်။

အလင်းတံခါး အင်္ဂလိပ်စကားပြောသင်တန်း မှာ မည်သူတွေတက်ရောက်သင့်သလဲ။

  • အင်္ဂလိပ်စာကို အခြေခံကနေစပြီး အဆင့်မြှင့်အထိ တစ်ဟုန်ထိုးလေ့လာ တိုးတက်ချင်သူတွေ၊
  • အင်္ဂလိပ်စကားပြောရာတွင် ခက်ခဲပြီး မဝံ့မရဲဖြစ်နေသူတွေ၊
  • အလုပ်တစ်ဖက်နဲ့   အင်္ဂလိပ်စာကို လေ့လာချင် တဲ့သူတွေ၊
  • ဘွဲ့ရပြီးတော့  လုပ်ငန်းခွင်ဝင်ဖို့ အင်္ဂလိပ်စာအရေးတကြီးလိုအပ်နေတဲ့သူတွေ၊
  • ကိုယ့်ကိုကိုယ် တိုးတက်အောင်ဘာသာစကားတစ်ခု သင်ယူချင်နေတဲ့သူတွေ၊
  • သဒ္ဒါပိုင်းသိသော်လဲ အင်္ဂလိပ်ဘာသာစကားကို ဘယ်လိုပြောရမှန်းမသိသူတွေ၊
  • မိမိပြောလိုက်ရင်မှန်မှမှန်ပါ့မလား စိုးရိမ်နေတဲ့သူတွေ၊
  • အသံထွက်လေယူလေသိမ်းမမှန်တဲ့သူတွေ၊
  • အင်္ဂလိပ်စကားပြော ဖို့ ရှက်ကြောက်နေတဲ့သူတွေအတွက် အလင်းတံခါး အင်္ဂလိပ်စကားပြောသင်တန်းကျောင်း က အသင့်တော်ဆုံးနေရာဘဲဖြစ်ပါတယ်။ သင်ရော အထက်ပါဖော်ပြချက်တစ်ခုခုနဲ့ ကိုက်ညီနေပြီလား။ ဒါဆို အလင်းတံခါး သင်တန်းကျောင်းကို ယခုဘဲလှမ်းခဲ့လိုက်တော့နော် …။

အင်္ဂလိပ်စကားပြော English Speaking ကို ယနေ့ခေတ်မှာ ဘာကြောင့်မဖြစ်မနေ သင်ယူသင့်သလဲ။

အင်္ဂလိပ်ဘာသာစကားဟာ ကမ္ဘာလုံးဆိုင်ရာ ဘာသာစကားဖြစ်ပြီးတော့ ကမ္ဘာ‌ပေါ်တွင် ဒုတိယအသုံးများဆုံးသော ဘာသာစကားလို့လဲ ပြောရမှာဖြစ်ပါတယ်။ ပြည်တွင်း၌သာမက နိုင်ငံတကာနှင့် ဆက်သွယ်ပြောဆိုရာတွင် အင်္ဂလိပ်ဘာသာစကားကို အများဆုံးအသုံးပြုကြပါတယ်။ အင်္ဂလိပ်ဘာသာစကားသည် ရုံးသုံးဘာသာစကားမဟုတ်သော်လည်း လက်ရှိအချိန်မှာတော့ နိုင်ငံအများစုတွင် နိုင်ငံခြားဘာသာစကားအဖြစ် သင်ကြားမှုအများဆုံး ဘာသာစကားတစ်ရပ်ဘဲဖြစ်ပါတယ်။ ယခုအခါတွင် အင်္ဂလိပ်ဘာသာစကားကို ကွန်ပျူတာနှင့်ဆေးဝါးကျွမ်းကျင်မှု၊ နိုင်ငံတကာစီးပွားရေးလုပ်ငန်း၊ သိပ္ပံနည်းပညာ၊ သတင်းစာထုတ်ဝေခြင်း အစရှိတဲ့ လုပ်ငန်းတွေမှာ တွင်ကျယ်စွာအသုံးပြုလာကြပါတယ်။

ဒါကြောင့် သင့်ရဲ့အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်အောင်မြင်ချင်တယ်ဆိုရင်တော့ အင်္ဂလိပ်ဘာသာ စကားကို အခြေခံလေးတတ်နေရုံနဲ့ ကျေနပ်နေရမဲ့ ခေတ်မဟုတ်တော့ပါဘူး။ အင်္ဂလိပ်စာမတတ်မြောက်တာနဲ့ သင့်ရဲ့အခွင့်အရေးတွေအားလုံးနီးပါး ဆုံးရှုံးနိုင်တဲ့ခေတ်ကိုရောက်နေပါပြီ။ အင်္ဂလိပ်ဘာသာစကားကို တတ်မြောက်နေပြီဆိုရင် သင့်ရဲ့လုပ်ငန်းခွင်အတွင်းမှာလည်း အများထက်သာလွန်ထူးခြားမှု၊ လုပ်ငန်း တိုးတက်အောင်မြင်ဖို့ တီထွင်ကြံဆမှု၊ ကိုယ်ရည်ကိုယ်သွေးကောင်းမွန်မှု၊ ဆက်ဆံရေးကောင်းမွန်မှုတွေ ရရှိလာမှာဖြစ်ပါတယ်။ ဒါကြောင့် သင့်ရဲ့စိတ်ရှည်ရှည်ဖြင့် ကြိုးစားအားထုတ်မှုလေးဘဲ့ လိုပါတယ်နော်။

အင်္ဂလိပ်ဘာသာစကား ကို ဘယ်လိုလေ့လာသင်ယူသင့်သလဲ။

အင်္ဂလိပ်ဘာသာစကားဟာ တိုးတက်ချင်တဲ့လူတိုင်းအတွက် အလွန်ကိုအရေးပါလှပါတယ်။ အင်္ဂလိပ်ဘာသာစကားမှာ တိုးတက်ဖို့ ဆို့ရင်လည်း သင်တန်းတစ်ခုကိုတက်နေရုံနဲ့ မရသေးပါဘူး။ ကိုယ်တိုင်အားစိုက်ထုတ်လေ့ကျင့် ဖို့လဲလိုပါတယ်။ နောက်ပြီးတော့ ဘာသာစကားအသစ်တစ်ခု သင်ယူတဲ့အခါ ဇွဲလုံ့လရှိမှုနှင့် စိတ်အားထက်သန်မှုရှိဖို့လည်း လိုအပ်ပါတယ်။ ငယ်ငယ်ထဲက သင်ယူလေ့လာခဲ့တဲ့ အင်္ဂလိပ်ဘာသာစကားကို ယခုထိကျွမ်းကျွမ်းကျင်ကျင် မတတ်မြောက်သေးဘူးဆိုတာကတော့ နေ့စဥ်လေ့လာသင်ယူမှုတွေ၊ စနစ်တကျလေ့လာရမဲ့နည်းလမ်းတွေကို သေချာမသိသေးလို့ဘဲ ဖြစ်ပါတယ်။ အင်္ဂလိပ်စကားပြောကို နည်းစနစ်ကျကျဖြင့် ထိထိရောက်ရောက် လေ့လာချင်တယ်ဆိုရင် ထားဝယ်မြို့ရှိ အလင်းတံခါးသင်တန်းကျောင်းဟာ သင့်တွက်အကောင်းဆုံးရွေးချယ်မှု ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် အလင်းတံခါးမှာ သင့်ရဲ့ အင်္ဂလိပ်စာအဆင့်ကို ယခုဘဲ မြှင့်တင်လိုက်ပါ။

အလင်းတံခါး English Speaking သင်တန်းကျောင်းကို ဘယ်လိုဆက်သွယ်ရမလဲ။

ဆက်သွယ်ရန်ဖုန်း- ၀၉၇၈၁၀၁၀၃၅၆

အီးမေးလိပ်စာ     – [email protected]

နေရပ်လိပ်စာ      – အမှတ် (၁၆၄)၊ ၊ အနောက်လမ်း၊ အနောက်ရပ်၊ ထားဝယ်မြို့။

(ချမ်းအေးစာကြည့်တိုက်အနီး)၊ ပဒေသာဒစ်ဂျစ်တယ်ဓာတ်ပုံဆိုင်လမ်း။ 

4.9/5 - (10 votes)